Tuesday, March 15, 2011

ဥသြလေးနှင့်တူတဲ့ အလွမ်း

ကောင်းကင်ကပြာပြာ ငွေလမင်းကသာတော့
နှင်းရီစိုဖြန်း ဆောင်းညချမ်းချိန်ခါမို့
ညတန်ကရှည် အိမ်မက်တွေနှင့်
ဆွေးခဲ့ရပြီ ချစ်သူ....

မြူမုံတွေကကျဲကျဲ နေ့ခင်းဘက်မှာလည်း
အတွေးရယ်ကြောင့် စိတ်မဖြောင့်နိုင်
မှိုင်တွေးငယ်ဒီလူ စိတ်ရယ်ကပူလို့
နေမင်းကြီးတခါးပိတ် အိပ်စက်ခဲ့ပြီ ဒီတနေ့
မအိပ်စက်နိုင်သူ ကိုယ့်အတွက်တော့
လွမ်းခဲ့ရပြီ ချစ်သူ.....

ရိုးတံကကျဲကျဲ ရွက်ဖျင်တဲနှင့်
ပင်အိုထက်ကို လွမ်းတေးဆိုတဲ့ ဥသြငယ်
သူ့ချစ်သူ အဝေးကိုပြေးလို့
ကဗျာဆန်ခဲ့ရပြီ ချစ်သူ....

3 comments:

  1. ရိုးတံကကျဲကျဲ ရွက်ဖျင်တဲနှင့်
    ပင်အိုထက်ကို လွမ်းတေးဆိုတဲ့ ဥသြငယ်
    သူ့ချစ်သူ အဝေးကိုပြေးလို့
    ကဗျာဆန်ခဲ့ရပြီ ချစ်သူ.... ..။
    ကဗျာလေးခံစားအားပေးသွားလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  2. ထပ်တူလွမ်းသွားပါတယ်
    ကဗျာရေးတော်လိုက်တာ...
    ဖတ်ရလို့ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  3. ကောင်းကင်ကပြာပြာ ငွေလမင်းကသာတော့
    နှင်းရည်စိုဖြန်း ဆောင်းညချမ်းချိန်ခါမို့
    ညတန်ကရှည် အိမ်မက်တွေနှင့် ဆွေးခဲ့ရပြီ ချစ်သူ....
    (ဝေးနေတဲ့ ချစ်သူကို လွမ်းတဲ့ကဗျာလေး ကောင်းလိုက်တာ)

    ReplyDelete