Tuesday, March 15, 2011

ဥသြလေးနှင့်တူတဲ့ အလွမ်း

ကောင်းကင်ကပြာပြာ ငွေလမင်းကသာတော့
နှင်းရီစိုဖြန်း ဆောင်းညချမ်းချိန်ခါမို့
ညတန်ကရှည် အိမ်မက်တွေနှင့်
ဆွေးခဲ့ရပြီ ချစ်သူ....

မြူမုံတွေကကျဲကျဲ နေ့ခင်းဘက်မှာလည်း
အတွေးရယ်ကြောင့် စိတ်မဖြောင့်နိုင်
မှိုင်တွေးငယ်ဒီလူ စိတ်ရယ်ကပူလို့
နေမင်းကြီးတခါးပိတ် အိပ်စက်ခဲ့ပြီ ဒီတနေ့
မအိပ်စက်နိုင်သူ ကိုယ့်အတွက်တော့
လွမ်းခဲ့ရပြီ ချစ်သူ.....

ရိုးတံကကျဲကျဲ ရွက်ဖျင်တဲနှင့်
ပင်အိုထက်ကို လွမ်းတေးဆိုတဲ့ ဥသြငယ်
သူ့ချစ်သူ အဝေးကိုပြေးလို့
ကဗျာဆန်ခဲ့ရပြီ ချစ်သူ....

Monday, February 28, 2011

ပုဂံသူလေးရဲ့ အပြုးံ

မမြင်ဖူးလို့ မူးမြစ်ထင်
လူမမြင် အသံကြားရုံနှင့်
ခံစားခဲ့ရ ကျနော် အသည်းနှလုံး
ပညာစုံ အပြောကောင်းတဲ့
ပုဂံကျောင်းက ဆရာမ
စာမတတ်တဲ့သူ ကဗျာစပ်လို့ရတယ်
မိန်းမလှကို မမြင်ဖူးတဲ့ ကျနော်
ဆေးပန်းချီ မှိုင်ကာရှုံးတယ်
ပုဂံသူလေးရဲ့ အပြုးံ....

အချိန်ရှိတိုင်း သူ့အကြောင်းတွေး
စာရေးတိုင်း သူ့ကိုမြင်
မေ့ချင်လို့ အိပ်ဆက်
အိမ်မက်ထဲ သူလာ
ပုဂံသူ ညိုချော ပြောလို့မကုန်နိုင်
တွေးရင်းနှင့်မှိုင်တွေငေး
တွေးလေတိုင်း သူ့အကြောင်းမို့
မမေ့နိုင်သူ မရွှေချောကို
စိတ်ကူးနဲ့ ညိုး....

စာမူက အဟောင်း
အကြောင်း က မသေချာ
မရေရာတဲ့ စိတ်ကူးနဲ့ ရူးခဲ့တဲ့ ကျနော်
နေ့တိုင်းပဲ သူ့ကိုတွေး စာရေးတိုင်း သူ့ကိုမြင်
အိပ်ချိန်တောင် သူမနား
သွားလေရာ သူ့အရိပ်
တိတ်တိတ်ကလေး နှင့် တဖက်သက်
အမှတ်တရတော့ ဖြစ်ခဲ့ပြီ
ဇာတ်လမ်း က တခန်းရပ်....

Monday, February 21, 2011

နွေဦးအလွမ်း

ရွက်ဟောင်းတွေ ကြွေလို့
ရွက်သစ်တွေ မ,ဝေ တဝေ
အပင်မှာလည်း အကိုင်းအခက်
ရွက်ဝါတွေ မြေမှာခ အရိပ်ဆိုတာတောင်မခိုရ
တိုက်ခတ်လိုက်တဲ့ တောင်လေမြူးမြူး
လူပင်မဆို ခွေးတွေတောင်ရူး
ပူပြင်းလွန်းတဲ့ နေရောင်ခြည်
ရင်ထဲက ခံစားမှုနှင့် ထပ်တူညီ
တိုက်ဆိုင်လိုက်တဲ့ နွေဦးရက်
ချစ်သူကလည်း ပြန်တဲ့ရက်
ခံစားလိုက်မိတာ ရင်ကွဲမတတ်
ကြာလေဆွေးလေ အတွေးဝေေ၀
ဥသြတွေလည်း တွန်သံကျူး
လေပြေညှင်းတွေက တဖြူးဖြူး
လွမ်းမောဖွယ်ရာ ဒီနွေဦး....

Monday, February 14, 2011

အနှိုင်း အဆ မဲ့ မေတ္တာ

ဟိုတစ်ချိန်တုန်းကတော့ ညတိုင်းလိုလို ညခင်းဆို လမင်းပျိုလေးရဲ့ အရိပ်ကလေးအောက်မှာ ကျနော်တို့ မိသားတစု အိမ်ရှေ့လေးမှာ ကုတင်လေး တိုင်းလျားလေး စားပွဲလေးချပြီးပျှော်ရွှင်ရယ်မောစားသောက်ကာ ဖေဖေက ဗဟုသုတ ရစရာတွေပြော မေမေ က ယဉ်ကျေးလိမ်မာ ပြောဆိုဆက်ဆံနေထိုင်တတ်ဖို့ သွန်သင်ဆုံးမပေးလေသည်.. တနေ့မှာတော့ ကျနော်ဟာ ကိုယ်ရဲ့ မိသားစုနှင့် ဝေးကွာလှတဲ့ နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်ရတော့မှာမမို့ ကျနော်ရဲ့ မိဘ နှစ်ပါးကို လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးကတော့တဲ့ အခါမှာတော့ ဖေဖေရဲ့ ရင်ထဲက တန်းဖိုးရှိလှတဲ့ ဆုပေးမှုတွေနှင့်အတူ ဖေဖေ ပေးနေကြ ဆုလေးတောင် ထည့်ပေးလိုက်သည်.. လူလေး သွားလေရာ လာလေရာခလုတ် မထိ ဆူးမညှိပဲ လိုရာခရီး ချောချောမောမော ရောက်ပါစေဗျာ..ဇထက် တန်းပိုး တိုးလို့ ကြံတိုင်ဆောင်လို့ လိုတိုင်းလည်းအောင်မြင်ပါစေ ငါ့သား.... ကျနော်လည်း ဖေဖေ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောပြီး မေမေ ကို ကြည့်လိုက်တော့ မေမေ ရဲ့ မျက်နှာလေးဟာကြည်နူးပြုံးရွှင်နေသည်..သို့သော် မေမေရဲ့ နှလုံးသားထဲမှာတော့ ငါ့သားလေးနှင့်နှစ်ရှည်လများ ခွဲခွါရဦးမှာပါလားဆိုတဲ့ ၀မ်းနည်းမှုကို  ငါ့ရဲ့ခံစားဝမ်းနည်းမှုတွေကို ငါ့သားလေးမသိစေရဘူးဆိုတဲ့ ရည်ရွယ်ချက်နှင့် ပြုံးနေမှန်း သားသိပါတယ်မေမေ..မေမေ ရဲ့ ရင်ထဲ က ခံစားချက်တွေကို ဖွင့်ဟ မပြောပြသလို သားရဲ့ နားနှင့်ဆက်ဆက် မကြားခဲ့ရပေမယ့် မေမေ ရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ စို့နင့်ခံစားနေတယ်ဆိုတာ သားအသိဆုံးပါ.. သားက မေမေ ရဲ့ သားပါ..မေမေ ရဲ့ ခံစားမှုတွေကို မေမေ ဟာ ကြာရှည် မထိမ်းသိမ်းနိုင်ခဲ့ပါ..မေမေ ရဲ့ မျက်လုံး အစုံမှ မျက်ရည်များစီးကျလာတာကို သားမြင်လိုက်ရတယ်မေမေရယ်.. ပါးနပ်လှတဲ့ ကျနော်ရဲ့ မေမေ ဟာ မျက်နှာလေးကို တဖက်သို့ ကြည့်သလိုနှင့် မျက်ရည်များကို ခိုးသုတ်ပြီး.. ဒီမှာ ငါ့သား.. ငါ့သားလေး ရဲ့ ရည်းမှန်းချက် လိုရာခရီး ဆူးညှောင့်ခလုတ် မှ အနှောင့် အယှက် တခုမှ မရှိပဲ အမြန်းဆုံးအောင်မြင်ပြီး မိသားစုနှင့် အမြန်ဆုံး ပြန်လည် ဆုံဆည်းခွင့် ရပါစေကွယ်.. ကျနော်လည်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောပြီး မိဘနှစ်ပါးကို ဦးသုးံချိန် ချပြီး မိသားစုနှင့်ဝေးကွာလှတဲ့ နိုင်ငံရပ်ခြား သို့ ထွက်လာခဲ့ပါတယ်..
          ဖေဖေနှင်မေမေ ကျနော်ဟာ အခုဆိုရင် ဖေဖေနှင့်မေမေ တို့ရဲ့ မေတ္တာ နှင့် ကင်းဝေးလှတဲ့ နိုင်ငံလေးတခုကို သားရောက်နေပါပြီ.. နှိုင်းယှဉ်လို့ မရဘူးဆိုတဲ့ ဖေဖေ မေမေတို့ရဲ့ မေတ္တာကို ဒီနိုင်ငံရောက်မှ သားဘာသာပြန်လို့ ရခဲ့ပါတယ်.. ဖေဖေ မေမေ တို့ရဲ့ လက်အောက်မှာနေခဲ့စဉ်တုန်းက သောက နှင့် ဒုက္ခ ဆိုတာ ဘာမှန်းမသိတဲ့ ကျနော်ဟာ သူတစ်ပါး နိုင်ငံမှာ အလုပ်လုပ်ရမှ လက်တွေ့ ခံစားတတ်မိလာတယ်.. ဖေဖေနှင့်မေမေဟာ ကျနော်တို့ကို အကာအရံ အပြည့်အစုံနှင့် အုပ်မိုးထားခဲ့တာပါ.. အဲဒီလိုအုပ်မိုးထားတဲ့ အရိပ်အောက်က လွတ်ထွက်သွားတဲ့ ကျနော်ဟာ ရွက်တိုင်မရှိတဲ့လှေနှင့်ပင်လယ်သမုဒ္ဒရာထဲ ဖြတ်သန်းရသလိုမျိုး ဦးတည်ချက် ကင်းမဲ့လွန်းခဲ့ပါတယ်..ဖေဖေနှင့်မေမေဟာ ကျနော်တို့ရဲ့ ပဲ့ကိုင်ရှင်တွေပဲ ဖြစ်ပါတယ်..ကျနော်တို့ရဲ့ ဘ၀တစ်ခုလုံးဟာလည်း ဖေဖေနှင့်မေမေတို့ မရှိမဖြစ် လိုအပ်တဲ့ ပဲ့ကိုင်ရှင်တွေပဲ ဖြစ်ပါတယ်.. မိဘမေတ္တာဆိုတာ သီတာရေစင် ပမာဆိုတာထက် လေးနက်တဲ့ စကားရှိရင် ကျနော်ပြောပြချင်ပါတယ်.. ၅၂၈နှင့်၁၅၀၀ တန်ဖိုးဟာ ကွားခြားနေပေမယ့် ၅၂၈လောက် ဘာမေတ္တာမှ မအေးချမ်းနိုင်ပါဘူး.. ကျနော်တို့ လူဖြစ်လာရတဲ့ ခရီးစဉ်တလျှောက်မှာ အဆုံးမရှိတဲ့မေတတ္တာနှင့်ချစ်ခဲ့တဲ့မေမေနှင့် မညီးညူပဲ ရှာဖွေကြွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ဖေဖေတို့နှင့်ဆုံဆည်းရအောင် ဖန်းတီးပေးတဲ့ ကံတရားကိုလည်း အလွန်စွာ ကျေးဇူးတင်မိလှပါတယ်..      ကျနော်တို့ဆပ်ခဲ့တဲ့ကျေးဇူးဟာ မေမေရဲ့နို့တလုးံဖိုးနှင်
့ဖေဖေရဲ့လက်တဖက်လောက်တောင် ကြေမည်မထင်ပါဘူး..ကျနော်တို့ရဲ့ ဘုရားသခင်တောင်မှ မိခင်ရဲ့ နို့တစ်လုးံဖိုးပဲ ကြေခဲ့တယ်လို့ ကျနော်ကြားဖူးပါတယ်..
        မိဘရဲ့ကျေးဇူးတရားကို သိတတ်နားလည်သူတွေရှိသလို မသိတတ်သူတွေလည်း တစ်ပုံကြီးရှိပါတယ်..
မိဘတွေဆိုတာ ဘယ်အရာပဲဖြစ်ဖြစ် ဘယ်လောက်ပဲမိုက်နေဆိုးနေသောသားသမီးကို တွေ့နေပါစေ အပြစ်ကိုမမြင် အချစ်ကိုပိုကာတိုးပြီးချစ်ကြစမြဲပါ..ဒီသား သမီး က ဆိုးလို့ချစ်ရတာ တမျိုး ဒီ သားသမီးက လိမ္မာလို့ချစ်ရတာတမျိုးဆိုပြီး မရိုးတဲ့ အချစ်တွေနှင့် စစ်မှန်တဲ့ မေတ္တာနှင့် သားသမီးတွေအပေါ် တမျိုးတပုံ ချစ်နေကြစမြဲပါ..ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မိဘတွေဟာ သားသမီးတွေအတွက်ဆိုရင် အမြဲဦးစားပေး စဉ်းစားခဲ့ကြပါတယ်..ကျနော်တို့ကို လူလောကကြီးထဲသို့ မွေးဖွားပြီး ဒုက္ခနှင့်ဆင်းရဲခြင်းတို့ကို ရင်ဆိုင်ခဲ့ရတဲ့ ဖေဖေနှင့်မေမေ တို့ကို ကျနော် ဘယ်သောအခါမှကျေးဇူးမမေ့ပါဘူး..မိဘတိုင်းဟာ သားသမီးတွေကို ပညာတတ်ကြီး လူတော်လူမွန် တယောက်ဖြစ်စေချင်ကြတယ်..ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့် ယူဆထားကြတယ်.. အနှိုင်းအဆမဲ့တဲ့ ဖေဖေနှင့်မေမေတို့ရဲ့ မေတ္တာအကြင်နာအရိပ်များကို တိုင်းတာလို့ရမဲ့ ပေတံဆိုတာ ဒီလောကကြီးမှာ ဘယ်တော့မှပေါ်ပေါက်လာမှာ မဟုတ်ပါဘူး.. မိဘရဲ့ အရိပ်အောက်က စီးဆင်းတဲ့မေတ္တာရေဟာ ညွှန်းစာဖွဲ့လို့မမှီဘူးဆိုတာ သားနားလည်လက်ခံပေးပြီးသားပါ....
        ဒီစာလေးကို ဖတ်ပေးသူတိုင်း မိဘရဲ့မေတ္တာတရားလေးကို သိတတ်နားလည် ခံစားပေးနိုင်ပါစေလို့ ကျနော် အမြဲတမ်း ဆုတောင်းပေးနေလျှက်....

Wednesday, February 2, 2011

ရာသီ ချစ်သူ

နွေ မိုး ဆောင်း
ရာသီတွေ ပြောင်းသွားလို့
အချစ်ဟောင်းကို စွန့်ပစ်သွားတယ်

ရာသီ အသစ်မှာ အဖြေရှာကြည့်ပြီး
ချစ်သူအသစ် ရွေးချယ်ခဲ့တယ်

ရာသီအစမှာ ချစ်မ၀နိုင်
ကြည်နူးနေတဲ့ နင်တို့ အတွဲ
လောကကြီးတောင် မေ့သလိုထင်
ပူပင်သောကဆိုတာတောင် မတွေးဖြစ်ခဲ့
နှစ်ယောက်အတူ ဆွယ်တော်ရွက်လေးလို
မခွဲအတူ လျှောက်လည်စဉ်ခါ
ဝမ်းသာမဆုံး ကြည်နူးပြုံးခဲ့

ရာသီ တ၀က်
အိမ်ထောင်ပျက်နှင့် နင့်ရဲ့ ချစ်သူ
သိသိလျှက်နှင့် အပြုံးမပျက် ပခုံးဖက်ကာ
အပြစ်မတင် ချစ်တင်နှောကာ
အပြစ်လည်းမယူ ခွင့်လွတ်ကာတွဲ

ရာသီ အဆုံး
ချစ်သူ မုန်းကာ ပြစ်ထားခဲ့လို့
ယူကြုံးမရ နှလုံးသား ဒေါသ
မောဟတွေပါ ရောထွေးပါလို့
သောကများ နှင့် ခံစားနေလျှက်....

မျှော်လင့်မိသူ..

စက္ကန့် မိနစ် နာရီ ရက်
အာရုံမိုးလင်း ညဥ့်နက်သန်းခေါင်တိုင်
မင်းမျက်နှာလ၀န်း ဖူး ငုံ ပြုံး နု
တဒင်္ဂလေးတောင် မမြင်ခဲ့ရ
ကုန်လွန်ကာသွားခဲ့ရတယ်..

အချိန်ရှိတိုင်းလာမယ်လို့ထင်ခဲ့တာ
အချိန်တိုင်း နေ့ရှိတိုင်းမျှော်နေခဲ့တာ
မပြောင်းလည်းခဲ့တဲ့ ငါ့ရဲ့ရင်ထဲ
နင်တွေးကြည့်ရင် သိတတ်လာမည်
နင်ကြည့်တတ်ရင် မြင်တတ်လိမ့်မည်
ငါ့ရဲ့ အသည်းနှလုံးတံခါးလေးကိုလည်း
အမြဲတမ်း နင့် အတွက်
ထာဝရ ဖွင့်ထားပါတယ်..

နင့်ရဲ့ စကားလုံးတိုင်းဟာ..
အချစ်မေတ္တာတွေနဲ့
ငါဟာမျှော်လင့်ချက်နှင့် အတူ လိုက်ရှာ
အချစ်တွေပါတာ သိရပြီ..

ကြာတော့ မွန်းကြပ်လာတဲ့
ငါ့ရဲ့ရင်ထဲက နှလုံးသားလေးဟာ
အချစ်စိတ်တွေကို နှစ်သိမ့်ဖို့ အတွက်
စကားလေးတခုတော့ လိုအပ်နေပြီလေ....

Thursday, January 20, 2011

ကြောက်ဖို့ကောင်းတဲ့အချစ်..

ချစ်သူစုံတွဲနှစ်ယေက် ခရေပင်အောက်က
အုပ်ခုံလေးပေါ်မှာ ထိုင်ပြီးစကားပြောကြ
အရင်ဆုံး မိန်းကလေးက

မ- ကိုကိုရယ် လွမ်းလိုက်ရတာ..

ကျား- ဒို့လည်းအတူတူပါပဲ..

မ- ကျမ က အရင်တယောက်ကိုပြောတာ

ကျား-  ဟင်..

မ- ကိုကိုရယ် နည်းနည်းလေးတောင် 
သတိမရလောက်အာင်ဖြစ်နေတယ် 

ကျား- အရင်တယောက်ကိုလား..

မ-  မဟုတ်ပါဘူး..ယူ့ ..ကို..

မ- ကိုကိုရယ် ဘယ်လိုမှကို မေ့မရအောင်ဖြစ်နေတယ်
ကျား- ဒို့ရဲ့ကြင်နာမှုလေးတွေလား..

မ-    မဟုတ်ပါဘူး
အရင်တယောက်ရဲ့ယုယမှုလေးတွေကို

မ- ကိုကိုရယ် ချစ်လိုက်ရတာအရမ်းပဲ

ကျား- ဒို့က မင်းထက်ပိုပါတယ်ကွာ

မ- ကျမ က နောက်အသစ်တယောက်ကိုပြောနေတာ

ကျား-  ဘာ..

မ-   ကိုကိုရယ် ချစ်ရလွန်းလို့ မျက်စိထဲကတောင်မထွက်ဘူး
ကျား-   ဒို့ကိုပြောတာလား..

မ-   မဟုတ်ပါဘူးဆို..
အိမ်ကခွေးလေးကိုပြောနေတာ..

ကျား- လုပ်ပြန်ပြီကွာ..

မ-  ကိုကိုရယ် အရမ်းလည်းမုန်းတယ်
ရွံလည်းရွံတယ်..ဒေါသလည်းဖြစ်မိတယ်
အရမ်းကိုသတ်ချင်မိတယ်..

ကျား-  ဟို..သူတို့ နှစ်ယောက်ကိုလား..

မ-   မဟုတ်ဘူး...ရှင့်ကို...

ကျား-       ဟင်.....