Monday, February 28, 2011

ပုဂံသူလေးရဲ့ အပြုးံ

မမြင်ဖူးလို့ မူးမြစ်ထင်
လူမမြင် အသံကြားရုံနှင့်
ခံစားခဲ့ရ ကျနော် အသည်းနှလုံး
ပညာစုံ အပြောကောင်းတဲ့
ပုဂံကျောင်းက ဆရာမ
စာမတတ်တဲ့သူ ကဗျာစပ်လို့ရတယ်
မိန်းမလှကို မမြင်ဖူးတဲ့ ကျနော်
ဆေးပန်းချီ မှိုင်ကာရှုံးတယ်
ပုဂံသူလေးရဲ့ အပြုးံ....

အချိန်ရှိတိုင်း သူ့အကြောင်းတွေး
စာရေးတိုင်း သူ့ကိုမြင်
မေ့ချင်လို့ အိပ်ဆက်
အိမ်မက်ထဲ သူလာ
ပုဂံသူ ညိုချော ပြောလို့မကုန်နိုင်
တွေးရင်းနှင့်မှိုင်တွေငေး
တွေးလေတိုင်း သူ့အကြောင်းမို့
မမေ့နိုင်သူ မရွှေချောကို
စိတ်ကူးနဲ့ ညိုး....

စာမူက အဟောင်း
အကြောင်း က မသေချာ
မရေရာတဲ့ စိတ်ကူးနဲ့ ရူးခဲ့တဲ့ ကျနော်
နေ့တိုင်းပဲ သူ့ကိုတွေး စာရေးတိုင်း သူ့ကိုမြင်
အိပ်ချိန်တောင် သူမနား
သွားလေရာ သူ့အရိပ်
တိတ်တိတ်ကလေး နှင့် တဖက်သက်
အမှတ်တရတော့ ဖြစ်ခဲ့ပြီ
ဇာတ်လမ်း က တခန်းရပ်....

2 comments:

  1. စာမူက အဟောင်း
    အကြောင်း က မသေချာ
    မရေရာတဲ့ စိတ်ကူးနဲ့ ရူးခဲ့တဲ့ ကျနော်
    နေ့တိုင်းပဲ သူ့ကိုတွေး စာရေးတိုင်း သူ့ကိုမြင်
    အိပ်ချိန်တောင် သူမနား
    သွားလေရာ သူ့အရိပ်
    တိတ်တိတ်ကလေး နှင့် တဖက်သက်
    အမှတ်တရတော့ ဖြစ်ခဲ့ပြီ
    ဇာတ်လမ်း က တခန်းရပ်....

    ကောင်းလိုက်တဲ့ရေးချက်နော်...
    ခံစားပေးပါတယ်။

    ReplyDelete
  2. ပုဂံသူကြောင့် ကဗျာရေးတက်သွားတာလား...
    ကဗျာတွေမကြိုက်ပေမယ့် ဖတ်သွားတယ်နော်...

    ReplyDelete