Wednesday, February 2, 2011

မျှော်လင့်မိသူ..

စက္ကန့် မိနစ် နာရီ ရက်
အာရုံမိုးလင်း ညဥ့်နက်သန်းခေါင်တိုင်
မင်းမျက်နှာလ၀န်း ဖူး ငုံ ပြုံး နု
တဒင်္ဂလေးတောင် မမြင်ခဲ့ရ
ကုန်လွန်ကာသွားခဲ့ရတယ်..

အချိန်ရှိတိုင်းလာမယ်လို့ထင်ခဲ့တာ
အချိန်တိုင်း နေ့ရှိတိုင်းမျှော်နေခဲ့တာ
မပြောင်းလည်းခဲ့တဲ့ ငါ့ရဲ့ရင်ထဲ
နင်တွေးကြည့်ရင် သိတတ်လာမည်
နင်ကြည့်တတ်ရင် မြင်တတ်လိမ့်မည်
ငါ့ရဲ့ အသည်းနှလုံးတံခါးလေးကိုလည်း
အမြဲတမ်း နင့် အတွက်
ထာဝရ ဖွင့်ထားပါတယ်..

နင့်ရဲ့ စကားလုံးတိုင်းဟာ..
အချစ်မေတ္တာတွေနဲ့
ငါဟာမျှော်လင့်ချက်နှင့် အတူ လိုက်ရှာ
အချစ်တွေပါတာ သိရပြီ..

ကြာတော့ မွန်းကြပ်လာတဲ့
ငါ့ရဲ့ရင်ထဲက နှလုံးသားလေးဟာ
အချစ်စိတ်တွေကို နှစ်သိမ့်ဖို့ အတွက်
စကားလေးတခုတော့ လိုအပ်နေပြီလေ....

1 comment:

  1. အဲဒီလိုအပ်နေတဲ့စကားလေးက
    ချစ်သူဆီကအဖြေပေါ့နော်....

    ReplyDelete