Monday, February 21, 2011

နွေဦးအလွမ်း

ရွက်ဟောင်းတွေ ကြွေလို့
ရွက်သစ်တွေ မ,ဝေ တဝေ
အပင်မှာလည်း အကိုင်းအခက်
ရွက်ဝါတွေ မြေမှာခ အရိပ်ဆိုတာတောင်မခိုရ
တိုက်ခတ်လိုက်တဲ့ တောင်လေမြူးမြူး
လူပင်မဆို ခွေးတွေတောင်ရူး
ပူပြင်းလွန်းတဲ့ နေရောင်ခြည်
ရင်ထဲက ခံစားမှုနှင့် ထပ်တူညီ
တိုက်ဆိုင်လိုက်တဲ့ နွေဦးရက်
ချစ်သူကလည်း ပြန်တဲ့ရက်
ခံစားလိုက်မိတာ ရင်ကွဲမတတ်
ကြာလေဆွေးလေ အတွေးဝေေ၀
ဥသြတွေလည်း တွန်သံကျူး
လေပြေညှင်းတွေက တဖြူးဖြူး
လွမ်းမောဖွယ်ရာ ဒီနွေဦး....

No comments:

Post a Comment