Wednesday, February 2, 2011

ရာသီ ချစ်သူ

နွေ မိုး ဆောင်း
ရာသီတွေ ပြောင်းသွားလို့
အချစ်ဟောင်းကို စွန့်ပစ်သွားတယ်

ရာသီ အသစ်မှာ အဖြေရှာကြည့်ပြီး
ချစ်သူအသစ် ရွေးချယ်ခဲ့တယ်

ရာသီအစမှာ ချစ်မ၀နိုင်
ကြည်နူးနေတဲ့ နင်တို့ အတွဲ
လောကကြီးတောင် မေ့သလိုထင်
ပူပင်သောကဆိုတာတောင် မတွေးဖြစ်ခဲ့
နှစ်ယောက်အတူ ဆွယ်တော်ရွက်လေးလို
မခွဲအတူ လျှောက်လည်စဉ်ခါ
ဝမ်းသာမဆုံး ကြည်နူးပြုံးခဲ့

ရာသီ တ၀က်
အိမ်ထောင်ပျက်နှင့် နင့်ရဲ့ ချစ်သူ
သိသိလျှက်နှင့် အပြုံးမပျက် ပခုံးဖက်ကာ
အပြစ်မတင် ချစ်တင်နှောကာ
အပြစ်လည်းမယူ ခွင့်လွတ်ကာတွဲ

ရာသီ အဆုံး
ချစ်သူ မုန်းကာ ပြစ်ထားခဲ့လို့
ယူကြုံးမရ နှလုံးသား ဒေါသ
မောဟတွေပါ ရောထွေးပါလို့
သောကများ နှင့် ခံစားနေလျှက်....

No comments:

Post a Comment