Monday, February 14, 2011

အနှိုင်း အဆ မဲ့ မေတ္တာ

ဟိုတစ်ချိန်တုန်းကတော့ ညတိုင်းလိုလို ညခင်းဆို လမင်းပျိုလေးရဲ့ အရိပ်ကလေးအောက်မှာ ကျနော်တို့ မိသားတစု အိမ်ရှေ့လေးမှာ ကုတင်လေး တိုင်းလျားလေး စားပွဲလေးချပြီးပျှော်ရွှင်ရယ်မောစားသောက်ကာ ဖေဖေက ဗဟုသုတ ရစရာတွေပြော မေမေ က ယဉ်ကျေးလိမ်မာ ပြောဆိုဆက်ဆံနေထိုင်တတ်ဖို့ သွန်သင်ဆုံးမပေးလေသည်.. တနေ့မှာတော့ ကျနော်ဟာ ကိုယ်ရဲ့ မိသားစုနှင့် ဝေးကွာလှတဲ့ နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်ရတော့မှာမမို့ ကျနော်ရဲ့ မိဘ နှစ်ပါးကို လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးကတော့တဲ့ အခါမှာတော့ ဖေဖေရဲ့ ရင်ထဲက တန်းဖိုးရှိလှတဲ့ ဆုပေးမှုတွေနှင့်အတူ ဖေဖေ ပေးနေကြ ဆုလေးတောင် ထည့်ပေးလိုက်သည်.. လူလေး သွားလေရာ လာလေရာခလုတ် မထိ ဆူးမညှိပဲ လိုရာခရီး ချောချောမောမော ရောက်ပါစေဗျာ..ဇထက် တန်းပိုး တိုးလို့ ကြံတိုင်ဆောင်လို့ လိုတိုင်းလည်းအောင်မြင်ပါစေ ငါ့သား.... ကျနော်လည်း ဖေဖေ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောပြီး မေမေ ကို ကြည့်လိုက်တော့ မေမေ ရဲ့ မျက်နှာလေးဟာကြည်နူးပြုံးရွှင်နေသည်..သို့သော် မေမေရဲ့ နှလုံးသားထဲမှာတော့ ငါ့သားလေးနှင့်နှစ်ရှည်လများ ခွဲခွါရဦးမှာပါလားဆိုတဲ့ ၀မ်းနည်းမှုကို  ငါ့ရဲ့ခံစားဝမ်းနည်းမှုတွေကို ငါ့သားလေးမသိစေရဘူးဆိုတဲ့ ရည်ရွယ်ချက်နှင့် ပြုံးနေမှန်း သားသိပါတယ်မေမေ..မေမေ ရဲ့ ရင်ထဲ က ခံစားချက်တွေကို ဖွင့်ဟ မပြောပြသလို သားရဲ့ နားနှင့်ဆက်ဆက် မကြားခဲ့ရပေမယ့် မေမေ ရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ စို့နင့်ခံစားနေတယ်ဆိုတာ သားအသိဆုံးပါ.. သားက မေမေ ရဲ့ သားပါ..မေမေ ရဲ့ ခံစားမှုတွေကို မေမေ ဟာ ကြာရှည် မထိမ်းသိမ်းနိုင်ခဲ့ပါ..မေမေ ရဲ့ မျက်လုံး အစုံမှ မျက်ရည်များစီးကျလာတာကို သားမြင်လိုက်ရတယ်မေမေရယ်.. ပါးနပ်လှတဲ့ ကျနော်ရဲ့ မေမေ ဟာ မျက်နှာလေးကို တဖက်သို့ ကြည့်သလိုနှင့် မျက်ရည်များကို ခိုးသုတ်ပြီး.. ဒီမှာ ငါ့သား.. ငါ့သားလေး ရဲ့ ရည်းမှန်းချက် လိုရာခရီး ဆူးညှောင့်ခလုတ် မှ အနှောင့် အယှက် တခုမှ မရှိပဲ အမြန်းဆုံးအောင်မြင်ပြီး မိသားစုနှင့် အမြန်ဆုံး ပြန်လည် ဆုံဆည်းခွင့် ရပါစေကွယ်.. ကျနော်လည်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောပြီး မိဘနှစ်ပါးကို ဦးသုးံချိန် ချပြီး မိသားစုနှင့်ဝေးကွာလှတဲ့ နိုင်ငံရပ်ခြား သို့ ထွက်လာခဲ့ပါတယ်..
          ဖေဖေနှင်မေမေ ကျနော်ဟာ အခုဆိုရင် ဖေဖေနှင့်မေမေ တို့ရဲ့ မေတ္တာ နှင့် ကင်းဝေးလှတဲ့ နိုင်ငံလေးတခုကို သားရောက်နေပါပြီ.. နှိုင်းယှဉ်လို့ မရဘူးဆိုတဲ့ ဖေဖေ မေမေတို့ရဲ့ မေတ္တာကို ဒီနိုင်ငံရောက်မှ သားဘာသာပြန်လို့ ရခဲ့ပါတယ်.. ဖေဖေ မေမေ တို့ရဲ့ လက်အောက်မှာနေခဲ့စဉ်တုန်းက သောက နှင့် ဒုက္ခ ဆိုတာ ဘာမှန်းမသိတဲ့ ကျနော်ဟာ သူတစ်ပါး နိုင်ငံမှာ အလုပ်လုပ်ရမှ လက်တွေ့ ခံစားတတ်မိလာတယ်.. ဖေဖေနှင့်မေမေဟာ ကျနော်တို့ကို အကာအရံ အပြည့်အစုံနှင့် အုပ်မိုးထားခဲ့တာပါ.. အဲဒီလိုအုပ်မိုးထားတဲ့ အရိပ်အောက်က လွတ်ထွက်သွားတဲ့ ကျနော်ဟာ ရွက်တိုင်မရှိတဲ့လှေနှင့်ပင်လယ်သမုဒ္ဒရာထဲ ဖြတ်သန်းရသလိုမျိုး ဦးတည်ချက် ကင်းမဲ့လွန်းခဲ့ပါတယ်..ဖေဖေနှင့်မေမေဟာ ကျနော်တို့ရဲ့ ပဲ့ကိုင်ရှင်တွေပဲ ဖြစ်ပါတယ်..ကျနော်တို့ရဲ့ ဘ၀တစ်ခုလုံးဟာလည်း ဖေဖေနှင့်မေမေတို့ မရှိမဖြစ် လိုအပ်တဲ့ ပဲ့ကိုင်ရှင်တွေပဲ ဖြစ်ပါတယ်.. မိဘမေတ္တာဆိုတာ သီတာရေစင် ပမာဆိုတာထက် လေးနက်တဲ့ စကားရှိရင် ကျနော်ပြောပြချင်ပါတယ်.. ၅၂၈နှင့်၁၅၀၀ တန်ဖိုးဟာ ကွားခြားနေပေမယ့် ၅၂၈လောက် ဘာမေတ္တာမှ မအေးချမ်းနိုင်ပါဘူး.. ကျနော်တို့ လူဖြစ်လာရတဲ့ ခရီးစဉ်တလျှောက်မှာ အဆုံးမရှိတဲ့မေတတ္တာနှင့်ချစ်ခဲ့တဲ့မေမေနှင့် မညီးညူပဲ ရှာဖွေကြွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ဖေဖေတို့နှင့်ဆုံဆည်းရအောင် ဖန်းတီးပေးတဲ့ ကံတရားကိုလည်း အလွန်စွာ ကျေးဇူးတင်မိလှပါတယ်..      ကျနော်တို့ဆပ်ခဲ့တဲ့ကျေးဇူးဟာ မေမေရဲ့နို့တလုးံဖိုးနှင်
့ဖေဖေရဲ့လက်တဖက်လောက်တောင် ကြေမည်မထင်ပါဘူး..ကျနော်တို့ရဲ့ ဘုရားသခင်တောင်မှ မိခင်ရဲ့ နို့တစ်လုးံဖိုးပဲ ကြေခဲ့တယ်လို့ ကျနော်ကြားဖူးပါတယ်..
        မိဘရဲ့ကျေးဇူးတရားကို သိတတ်နားလည်သူတွေရှိသလို မသိတတ်သူတွေလည်း တစ်ပုံကြီးရှိပါတယ်..
မိဘတွေဆိုတာ ဘယ်အရာပဲဖြစ်ဖြစ် ဘယ်လောက်ပဲမိုက်နေဆိုးနေသောသားသမီးကို တွေ့နေပါစေ အပြစ်ကိုမမြင် အချစ်ကိုပိုကာတိုးပြီးချစ်ကြစမြဲပါ..ဒီသား သမီး က ဆိုးလို့ချစ်ရတာ တမျိုး ဒီ သားသမီးက လိမ္မာလို့ချစ်ရတာတမျိုးဆိုပြီး မရိုးတဲ့ အချစ်တွေနှင့် စစ်မှန်တဲ့ မေတ္တာနှင့် သားသမီးတွေအပေါ် တမျိုးတပုံ ချစ်နေကြစမြဲပါ..ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မိဘတွေဟာ သားသမီးတွေအတွက်ဆိုရင် အမြဲဦးစားပေး စဉ်းစားခဲ့ကြပါတယ်..ကျနော်တို့ကို လူလောကကြီးထဲသို့ မွေးဖွားပြီး ဒုက္ခနှင့်ဆင်းရဲခြင်းတို့ကို ရင်ဆိုင်ခဲ့ရတဲ့ ဖေဖေနှင့်မေမေ တို့ကို ကျနော် ဘယ်သောအခါမှကျေးဇူးမမေ့ပါဘူး..မိဘတိုင်းဟာ သားသမီးတွေကို ပညာတတ်ကြီး လူတော်လူမွန် တယောက်ဖြစ်စေချင်ကြတယ်..ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့် ယူဆထားကြတယ်.. အနှိုင်းအဆမဲ့တဲ့ ဖေဖေနှင့်မေမေတို့ရဲ့ မေတ္တာအကြင်နာအရိပ်များကို တိုင်းတာလို့ရမဲ့ ပေတံဆိုတာ ဒီလောကကြီးမှာ ဘယ်တော့မှပေါ်ပေါက်လာမှာ မဟုတ်ပါဘူး.. မိဘရဲ့ အရိပ်အောက်က စီးဆင်းတဲ့မေတ္တာရေဟာ ညွှန်းစာဖွဲ့လို့မမှီဘူးဆိုတာ သားနားလည်လက်ခံပေးပြီးသားပါ....
        ဒီစာလေးကို ဖတ်ပေးသူတိုင်း မိဘရဲ့မေတ္တာတရားလေးကို သိတတ်နားလည် ခံစားပေးနိုင်ပါစေလို့ ကျနော် အမြဲတမ်း ဆုတောင်းပေးနေလျှက်....

1 comment:

  1. ဟုတ်တာပေါ့မိဘတိုင်းကဒီလိုပါပဲ။ ။
    မေမေ ကိုလွမ်းလိုက်တာနော်.....

    ReplyDelete